မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးသူတွေ တဖြည်းဖြည်း ပိုများလာနေပါတယ်။
ဒီလိုအခြေအနေမျိုးမှာ Myo Overseas Academy ကုမ္ပဏီအနေနဲ့လည်း မရှိနွမ်းပါး ဆင်းရဲသူတွေကို တစ်ဖက်တစ်လမ်းကနေ တစ်နိုင်တစ်ပိုင်အားနဲ့ ကူညီပေးဖို့ လိုအပ်လာပါတယ်။
ဒါကြောင့် ဆင်းရဲနွမ်းပါးသူတွေကို ကူညီထောက်ပံ့နိုင်ဖို့အတွက် Myo Overseas Academy ကုမ္ပဏီမှာ လူမှုကူညီ ထောက်ပံ့ပေးရေးပရဟိတအဖွဲ့ ကို အောက်ပါဝန်ထမ်းတွေနှင့် တာဝန်ပေးဖြစ်ခဲ့ပါတယ်။
အဖွဲ့ခေါင်းဆောင် – မဝင်းဝင်းနွယ်
ဒု-အဖွဲ့ခေါင်းဆောင်(၁) – မနှင်းရွှေစင် (အထွေထွေမန်နေဂျာ)
ဒု-အဖွဲ့ခေါင်းဆောင်(၂) – မချောမို့မို့ဝင်း(MOTC ကျောင်းအုပ်)
အဖွဲ့ဝင်(၁) – ဆုနွေးအောင်
အဖွဲ့ဝင်(၂) – ယမင်းသူ
အဖွဲ့ဝင်(၃) – ဇာနီဉီး
အဖွဲ့ဝင်(၄) – ဇင်မင်းပိုင်
CEO ဦးမျိုးဆွေမှ လူမှုကူညီထောက်ပံ့ရေးပရဟိတအဖွဲ့အတွက် မ,တည်ငွေ သိန်း ၁၀၀ ကျပ်တိတိကို အဖွဲ့ခေါင်းဆောင် မ၀င်း၀င်းနွယ်၊ ဒုအဖွဲ့ခေါင်းဆောင်(၁) မနှင်းရွှေစင်နှင့် ဒုအဖွဲ့ခေါင်းဆောင်(၂) မချောမို့မို့၀င်းတို့အား ပေးအပ် ခဲ့ပါသည်။